Phone +959 4444 91915

Concurrent Call ဆိုတာ ဘာလဲ။

Concurrent Call ဆိုတာ ဘာလဲ။

ဖုန်းနံပါတ်တစ်ခုတည်းနဲ့ ဖုန်းခေါ်ဆိုမှုအများအပြားကိုတစ်ပြိုင်နက်ထဲ လက်ခံပြောဆိုနိုင်တဲ့ နည်းပညာ ကို ပြောတာပါ။

ပုံမှန်ဖုန်းခေါ်ဆိုမှုတွေမှာဆိုရင် နံပါတ် (၁) ခုထဲကို ဖုန်းခေါ်နေတယ့်အခါမှာ နောက်ထပ် ဖုန်းတစ်လုံးက အယ့်ဒီ့နံပါတ်ကိုခေါ်လိုက်မယ်ဆိုရင် ဖုန်းမအားသေးပါရှင်ဆိုပြီး ကြားရမှာဖြစ်ပြီးတော့ ဖုန်းခေါ်လို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် SIP Trunk လို့ခေါ်တဲ့ Voice over Internet Protocol Technology (VoIP) ကို အသုံးပြုလိုက်မယ်ဆိုရင် ဖုန်းနံပါတ်တစ်ခုထဲနဲ့ Concurrent Call တွေ အများအပြားခေါ်ဆိုနိုင်သွားမှာပဲဖြစ်ပါတယ်။ Concurrent call ဆိုတာကတော့ ဖုန်းနံပါတ်တစ်ခုတည်းနဲ့ အဝင် call တွေကော အထွက် call တွေပါ တစ်ချိန်ထဲ ၊ တစ်ပြိုင်နက်ထဲ လက်ခံပြောဆိုနိုင်မှာဖြစ်ပါတယ်။ အကယ်လို့ သင်က concurrent call (၁၀) ခုယူထားမယ်ဆိုရင် ဖုန်းနံပါတ်တစ်ခုထဲနဲ့ တစ်ချိန်ထဲမှာပဲ အဝင် call ၊ အထွက် call စုစုပေါင်း (၁၀) ခုပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းနံပါတ်အများကြီးလည်းမထားချင်ဘူး။ ဖုန်းနံပါတ်တစ်ခုတည်းနဲ့ ဖုန်းခေါ်ဆိုမှုအများကြီးကို တစ်ချိန်တည်း လက်ခံချင်တယ်၊ ဒီနံပါတ်နဲ့ပဲ ပြန်လည်‌ခေါ်ဆိုချင်တယ်ဆိုရင် အဆင့်မြင့်တဲ့နည်းပညာတွေ ကို အသုံးပြုပြီးဆောင်ရွက်နိုင်ပါတယ်။

Concurrent call နဲ့ SIP Trunk ဝန်ဆောင်မှု အကြောင်း အသေးစိတ်သိရှိလိုတယ်ဆိုရင် Page Messenger ဒါမှမဟုတ် ဖုန်းလေးကိုပဲ ဖြစ်ဖြစ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Hotline – 09 444491915
Email – [email protected]
Website – www.mmcloudpbx.com