Phone +959 4444 91915

Cloud PBX နှင့်Traditional PBX ကွာခြားချက်

What is PABX
PABX (Private Automatic Branch Exchange) ဆိုတာ မိမိ ရုံးအတွင်းမှာ ဌာန တစ်ခုနဲ့တစ်ခု ဖုန်းခေါ်ဆိုလို့ရတဲ့ Internal Telephone System တစ်ခုပါ
အဆိုပါ System ကို ကုမ္ပဏီကြီးအများစု၊ ဟိုတယ် နှင့် ဆေးရုံ တွေမှာ အသုံးများပါတယ်။
PABX စနစ်တပ်ဆင်ဖို့ ဘာတွေ လိုအပ်သလဲ
PABX စနစ်တပ်ဆင်ဖို့အတွက် Extension လိုင်း (တစ်နည်းအားဖြင့်) လိုင်းခွဲ ဘယ်နှစ်ခု သုံးမလဲဆိုတာမူတည်ပြီး မိမိ တပ်ဆင်မယ့် အဆောက်အအုံမှာ ဖုန်းကြိုးတွေ Installation လုပ်ရပါ့မယ်.. အဆိုပါ ဖုန်းကြိုးတွေကို PABX Box (Main Unit) လို့ခေါ်တဲ့ စက်ထဲကို ကြိုးတွေထည့်ပြီး တပ်ဆင်ဖို့လိုပါတယ်။ ဒီလိုရှုပ်ထွေးလှတဲ့ စနစ်ကို မိမိဘာသာ တပ်ဆင်လို့ မလွယ်ကူပါဘူး… PABX စနစ်တပ်ဆင်ပေးတဲ့ ကုပ္ပဏီတစ်ခုကို အပ်ဖို့လိုပါတယ်
Outgoing Calls
PABX တပ်ဆင်ပြီးရုံနဲ့ မပြီးသေးပါဘူး။ ဘာလို့လဲဆိုတော့ PABX စနစ်တစ်ခုတည်းဆို Internal သီးသန့်ပဲ ဖုန်းခေါ်ဆိုလို့ရမှာပါ။ ဥပမာ ဟိုတယ်တွေပေါ့… ကိုယ့် ဟိုတယ်အခန်းကနေ Reception ကို ဖုန်းခေါ်တာတို့ပေါ့… Internal လောက်ပဲ သုံးမယ်ဆိုရင် Outgoing Calls ခေါ်ဖို့အတွက် Trunk ဖုန်းလိုင်း တစ်ခု ဝယ်စရာ မလိုတော့ပါဘူး
တကယ်လို့ ကုပ္ပဏီ ရုံးခန်းတွေ / ဆေးရုံတွေ ဆိုရင် Outgoing Calls ခေါ်ဆိုဖို့လိုအပ်ပါတယ်….အဲလိုခေါ်ဖို့အတွက် ဆို Telecom Operator တစ်ခုခုဆီကနေ Trunk လိုင်း တစ်ခုဝယ်ဖို့လိုအပ်လာပါပြီ
Trunk Line
Trunk Line ဆိုတာ တစ်နည်းအားဖြင့် ဆက်သွယ်ရေး Operator ဆီက ဝယ်ရတဲ့ ဖုန်းလိုင်းတစ်ခုပါ… ဥပမာ MPT က ဝယ်ရတဲ့ 01-xxxx ဖုန်းလိုင်းပေါ့..
အဲဒီ MPT က လာတဲ့ Trunk ဖုန်းလိုင်းကို PABX Box ထဲ ထည့်ပေးလိုက်ပြီဆိုရင် ခုနက Extension တွေကနေ တစ်ဆင့် အဆိုပါ Trunk လိုင်းကို အသုံးပြုပြီး Outgoing Calls (or) Incoming Calls ခေါ်ဆိုလို့ရပါပြီ
Trunk Line ရဲ့အားနည်းချက်
Trunk Line တစ်ခု 01-xxxx နံပါတ်တစ်ခုဟာ Outgoing သို့မဟုတ် Incoming တစ် Call ပြောနေလို့ရှိရင် နောက်ထပ် Extension တွေကနေတစ်ဆင့် အဝင် / အထွက် ဖုန်းတွေ ခေါ်ဆိုလို့မရတော့ပါဘူး… Trunk Line Busy ဖြစ်သွားပြီ…
ဒါကြောင့်မို့လို့ ကုပ္ပဏီကြီး အများစုဟာ Operator တွေဆီကနေ Trunk လိုင်းတွေ တစ်ခုထက်မက ဝယ်ထားပြီး PABX စနစ်နဲ့ အသုံးပြုကြပါတယ်။
Trunk Line ၅ ခု တစ်နည်းအားဖြင့် ဖုန်းနံပါတ် ၅ ခု ဝယ်ထားခဲ့မယ်ဆိုရင် မိမိကုပ္ပဏီက PABX စနစ်ဟာ ဖုန်း 5 Calls တစ်ပြိုင်နက်ခေါ်ဆိုလို့ရပါပြီ။
မိမိ လုပ်ငန်းအမျိုးအစားဟာ တစ်ပြိုင်နက်တည်း Incoming သို့ Outgoing Calls အရေအတွက် အများကြီးပြောရမယ့် လုပ်ငန်းမျိုးဆိုရင် အဆိုပါ စနစ်ဟာ သိပ်အဆင်မပြေတော့ပါဘူး… Trunk Line တပ်ဆင်တဲ့ ကုန်ကျစရိတ်လည်း များတဲ့အပြင် PABX Box အတွက်လည်း လိုအပ်တဲ့ Hardware Module တွေ အရေအတွက် များတဲ့အတွက် ကုန်ကျစရိတ် များပါတယ်။
SIP Trunk
SIP Trunk ဆိုတာကတော့ အခုနောက်ပိုင်းမှ အသစ်ပေါ်လာတဲ့ အင်တာနက်ပေါ်ကနေတစ်ဆင့် လာတဲ့ နည်းပညာမြင့် လုပ်ငန်းသုံး ဖုန်းလိုင်းဝန်ဆောင်မှုတစ်ခုပါ။ SIP Trunk Service ကို မြန်မာပြည်မှာတော့ Ooredoo, Telenor, MyTel တွေမှာ ဝယ်လို့ရနေပါပြီ။ SIP Trunk လိုင်း တစ်လိုင်းဝယ်လိုက်ခြင်းအားဖြင့် ဖုန်းနံပါတ် တစ်ခုတည်းနဲ့ Incoming / Outoging ဖုန်း Calls အရေအတွက် ၅၀၀ လောက်ထိကို တစ်ပြိုင်နက်တည်း ပြောဆိုနိင်ပါပြီ။ Hotline ဖုန်းနံပါတ်တစ်ခုတည်းနဲ့ Call Center လိုမျိုး ဖုန်း Calls တွေအများကြီးလက်ခံပြောချင်တဲ့ လုပ်ငန်းတွေအတွက် အလွန်ကောင်းမွန်တဲ့ နည်းပညာဝန်ဆောင်မှု တစ်ခုပါ။
Cloud PBX
Telecom Operator တွေဆီကနေ SIP Trunk Service ဝယ်လိုက်တာနဲ့ တန်းသုံးလို့မရသေးပါဘူး။ SIP Trunk သည် အင်တာနက်ပေါ်ကနေတစ်ဆင့် ပေးတဲ့ Service တစ်ခုဖြစ်တဲ့အတွက် သူနဲ့ တွဲသုံးမယ့် PBX စနစ်ဟာလည်း အင်တာနက်ပေါ်ကနေတစ်ဆင့် လာဖို့လိုပါတယ်။ အဲဒီ အင်တာနက်ပေါ်ကလာတဲ့ PBX စနစ်ကို Cloud PBX စနစ်လို့ခေါ်ပါတယ်။
Mobility Extension
လိုင်းခွဲဖုန်းတွေအတွက် အရင်လို ဖုန်းကြိုးတွေ တပ်ဆင်ပြီး သုံးစရာမလိုတော့ပါဘူး… မိမိ ဖုန်းထဲမှာ Mobile App လေး သွင်းပြီး အင်တာနက်ပေါ်ကနေတစ်ဆင့် အသုံးပြုရုံပါပဲ.. အင်တာနက်ရှိနေသ၍ အသုံးပြုလို့ရတဲ့အတွက် အခုလိုမျိုး Covid-19 ကာလ Work From Home လုပ်ရတဲ့သူတွေအတွက် အရမ်းကိုလွယ်ကူ အဆင်ပြေသွားပါတယ်။ ကိုယ့် ကုမ္ပဏီ Hotline ဖုန်းနံပါတ်ကို ဘယ်နေရာရာရောက်ရောက် အင်တာနက်ရှိတာနဲ့ အသုံးပြုလို့ရသွားပါတယ်
IP Phone
မိမိရုံးစားပွဲပေါ်မှာ လိုင်းခွဲဖုန်းကို အထိုင်ဖုန်းအဖြစ် Cloud PBX စနစ်နဲ့ ချိတ်ဆက်ပြီး အသုံးပြုချင်တယ်ဆိုရင်တော့ IP Phone အမျိုးအစားထဲက အသုံးပြုရမှာပါ။ IP Phone ဆိုတာ အရင်လိုမျိုး Analog ဖုန်းကြိုးနဲ့ လာတာ မဟုတ်ဘဲ Network ကြိုးနဲ့လာတဖြစ်ပြီး Internet ရတဲ့ Network ပေါက်မှာ တပ်လိုက်တာနဲ့ တန်းပြီး အသုံးပြုလို့ရတဲ့ဖုန်းပါ။ အလွယ်တကူ မိမိဘာသာ ရွေ့ပြောင်းတပ်ဆင်လို့ရတဲ့အပြင် HD Voice စနစ်တွေပါဝင်တာကြောင့် ဖုန်းပြောရာ အသံကြည်လင်ပြတ်သားပါတယ်။
CDR Report
CDR ဆိုတာ Call Details Records ကိုပြောတာပါ။ မိမိကုပ္ပဏီအတွင်းမှာ အသုံးပြုထားတဲ့ ဖုန်း Calls အသေးစိတ်ကို Report ကြည့်လို့ရတဲ့စနစ်တစ်ခုပါ။ အင်တာနက်ပေါ်ကလာတဲ့ Cloud PBX စနစ်ဖြစ်တဲ့အတွက် Browser တစ်ခုခုနဲ့ ဝင်ကြည့်လိုက်ရုံပါပဲ။
Cost Saving & Zero Maintenance
ခုနက အပေါ်မှာပြောခဲ့သလို PABX Hardware Box တွေ ဖုန်းကြိုးတွေ Installation လုပ်တာတွေ လိုင်းခွဲကြိုးဖုန်း သုံးတာတွေ အဲဒါတွေ တစ်ခုမှ မလိုတော့ပါဘူး
အဲဒီအတွက် ဘာ Maintenance မှ လုပ်စရာမလိုတဲ့အတွက် သမာရိုးကျ PABX စနစ်တွေထက် ကုန်ကျစရိတ် အများကြီး သက်သာစေပါတယ်
ကျွန်တော်တို့ K-Link Enterprise Solutions Co.,Ltd. သည် Cloud PBX နဲ့ SIP Trunk Service ကို ရန်ကုန်မြို့မှာ ရှိတဲ့ Small Business တွေ အပါအ၀င် ဝန်ထမ်း ၂၀၀ ကျော်ရှိတဲ့ ကုပ္ပဏီကြီးများစွာကိုလည်း အောင်မြင်စွာ တပ်ဆင်ဝန်ဆောင်မှုပေးနေလျက်ရှိပါတယ်။
လူကြီးမင်းတို့ကုမ္ပဏီအတွက် Cloud PBX စနစ် အသုံးပြုလိုပါက အောက်ပါ Link မှာ အသေးစိတ် အချက်အလက်များ ဖြည့်သွားပေးပါ။ K-Link Corporate Sales Team မှ ပြန်လည် ဆက်သွယ်ပြီး လူကြီးမင်းတို့လုပ်ငန်းနှင့် သင့်တော်မည့် Solution တစ်ခုအား အသေးစိတ်တင်ပြပေးပါသွားမည်။
https://tinyurl.com/klinkcloudpbx

K-Link Enterprise Solutions Co.,Ltd.
Corporate Sales Channel
Hotline – 09 4444 91915
Email – [email protected]